သင်တန်း- နိုင်ငံသားနှင့် နိုင်ငံသားဖြစ်ခွင့်

နိုင်ငံသားနှင့် နိုင်ငံသားဖြစ်ခွင့်

ဤသင်တန်းသည် နိုင်ငံသားဖြစ်ခွင့်၊ အမျိုးသားရေးလက္ခဏာနှင့် အထောက်အထားစာရွက်စာတမ်းများ ရယူသုံးစွဲနိုင်မှုတို့ကြား ဆက်နွယ်မှုကို စူးစမ်းလေ့လာပြီး ယင်းအခြေအနေများမှ ဖြစ်ပေါ်လာသည့် နိုင်ငံမဲ့ဖြစ်မှုအန္တရာယ်များကို ဆန်းစစ်သည်။ တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများ အထူးသဖြင့် ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်းနှင့် မြန်မာနိုင်ငံရှိ ကရင်လူနည်းစုများ၏ အတွေ့အကြုံများကို အာရုံစိုက်ထားသည်။

ဤသင်တန်းတွင် နိုင်ငံသားဖြစ်ခွင့်၊ အမျိုးသားမှတ်ပုံတင်နှင့် မှတ်တမ်းပြုစုခြင်းလုပ်ငန်းစဉ်များသည် လူ့အဖွဲ့အစည်းတွင် မည်သူပါဝင်သည် သို့မဟုတ် ဖယ်ထုတ်ခံရခြင်းကို မည်သို့ပုံဖော်သည်ကို ဆန်းစစ်သည်။ ဤအခြေအနေတွင် လူများစု-လူနည်းစု၏ တက်ကြွမှုနှင့် ဘာသာရေးဆိုင်ရာ လက္ခဏာများ၏ လွှမ်းမိုးမှုသည် ခွဲခြားဆက်ဆံမှု၊ အခွင့်အရေးများ ဆုံးရှုံးခြင်း သို့မဟုတ် နိုင်ငံမဲ့ဖြစ်ခြင်းတို့ကို မည်သို့ဖြစ်ပေါ်စေနိုင်သည်ကို စူးစမ်းလေ့လာသည်။ သင်တန်းသည် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာရွက်စာတမ်းများသည် မည်ကဲ့သို့ကာကွယ်နိုင်သည်၊ ဘေးဖယ်ထားနိုင်သည်ကို ဆင်ခြင်သုံးသပ်ရန်၊ နိုင်ငံသားဖြစ်မှုနှင့် ယနေ့ကမ္ဘာတွင် ပိုင်ဆိုင်မှုကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာစေရန်အတွက် ဖိတ်ခေါ်ပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းသည် သင့်အား အောက်ပါ အသိပညာဆိုင်ရာ အရင်းအမြစ်များကို ထောက်ပံပေးပါမည်။

  • နိုင်ငံသားဖြစ်မှု၏ အခြေခံမူများနှင့် မရှိမဖြစ် လေ့လာရမည့် ရှုထောင့်များကို နားလည်ခြင်း။
  • သရုပ်လက္ခဏာ၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံသားဖြစ်မှုနှင့် အမျိုးသားရေးလက္ခဏာ တည်ဆောက်မှုတို့အကြား အပြန်အလှန်ဆက်စပ်မှုများကို ဆန်းစစ်ခြင်း။
  • မတူကွဲပြားသော နေရာအသီးသီးရှိ နိုင်ငံသားဖြစ်ခွင့်ကို သတ်မှတ်ပုံ၊ ကျင့်သုံးပုံနှင့် နိုင်ငံသားဖြစ်ခွင့်ရယူခြင်းနှင့် ရုပ်သိမ်းခြင်းဆိုင်ရာ မူဝါဒများက မည်သို့ပုံဖော်သည်ကို ခွဲခြမ်းစိတ်ဖြာခြင်း။
  • နိုင်ငံတကာလူ့အခွင့်အရေးမူဘောင်များသည် နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးခြင်းကို မည်သို့ကိုင်တွယ် ဖြေရှင်းသည်ကို စူးစမ်းလေ့လာခြင်းနှင့် နိုင်ငံသားအခွင့်အရေးနှင့် လူနည်းစုအခွင့်အရေးများကို အကာအကွယ်ပေးရေးတို့ကို လေ့လာခြင်း။
  • မွေးစာရင်း မှတ်တမ်းတင်ခြင်းသည် နိုင်ငံသားဖြစ်မှုနှင့် အခြေခံလူ့အခွင့်အရေးများ ခံစားခွင့်ရှိခြင်းတို့နှင့် မည်ကဲ့သို့ ဆက်စပ်နေသည်ကို လေ့လာဆန်းစစ်ခြင်း။
  • ဘာသာရေးနှင့် ကျားမရေးရာ ရှုထောင့်များမှတဆင့် နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးခြင်း၏ မတူညီသော အကျိုးဆက်များကို ဆန်းစစ်ပြီး မတူကွဲပြားသော အစုအဖွဲ့များ၏ အမြင်များကို ဝေဖန်ပိုင်ခြားခြင်း။

မော်ဂျူးများ

ဤသင်တန်းကို အောက်ပါ အဓိကမေးခွန်းများကိုအခြေခံကာ အဓိက မော်ဂျူး လေးခုအဖြစ် ပိုင်းခြားထားပါသည်။

  • နိုင်ငံသားဖြစ်ခွင့်ကို ပုံဖော်ရာတွင် အမျိုးသားရေးလက္ခဏာသည် မည့်သည့်အခန်းကဏ္ဍမှ ပါဝင်သနည်း၊ ဘာသာရေးသည် ဤအခြေအနေတွင် မည်သို့ပါဝင်သနည်း။
  • နိုင်ငံများသည် နိုင်ငံသားဖြစ်ခွင့်ကို မည်သို့အသိအမှတ်ပြုခြင်းနှင့် နိုင်ငံသားဖြစ်ခွင့်ကို မည်ကဲ့သို့ရုတ်သိမ်းခြင်းပြုပြီး ယင်းတို့က လူနည်းစုအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများအပေါ် မည်သို့သက်ရောက်မှုရှိသနည်း။

ချဉ်းကပ်မှု/ နည်းစနစ်

ဤသင်တန်းသည် နိုင်ငံသားဖြစ်မှုနှင့် အမျိုးသားရေးအမှတ်လက္ခဏာ (national identity) တို့ကို ဘက်စုံနားလည်နိုင်ရန်အတွက် ဥပဒေရေးရာ၊ လူ့အခွင့်အရေးအခြေခံ၊ နှိုင်းယှဥ်လေ့လာမှု၊ ဖြတ်ပိုင်းဆိုင်ရာ (intersectional) နှင့် ဇာတ်ကြောင်းဆိုင်ရာနည်းလမ်းများ အပါအဝင် ချဉ်းကပ်မှုမျိုးစုံကို အသုံးပြုသွားမည်ဖြစ်သည်။ သင်ယူမှုအတွေ့အကြုံကို မြှင့်တင်ရန်အတွက် ကျွမ်းကျင်သူများ၏ ဗီဒီယိုများကိုလည်း ထည့်သွင်းအသုံးပြုမည်ဖြစ်သည်။ မော်ဂျူးတစ်ခုချင်းစီတိုင်းတွင် နောက်ထပ်မော်ဂျူး သို့ မသွားမီ ဖတ်ရှုရန် ဆောင်းပါးတိုများ၊ ထပ်ဆောင်းရင်းမြစ်များ၊ ဆင်ခြင်သုံးသပ်ရန် မေးခွန်းများ ပါဝင်မည်ဖြစ်သည်။

ဤသင်တန်းကို ဘယ်သူတက်နိုင်မလဲ။

ဤသင်တန်းကို လူတိုင်းတက်ရောက်နိုင်ပါသည်။ သို့သော် ၎င်းကို နိုင်ငံသားဖြစ်မှုဆိုင်ရာ အရေးကိစ္စများနှင့် ဆက်စပ်နယ်ပယ်များတွင် ပါဝင်ဆောင်ရွက်နေသော ကျောင်းသားများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ပညာရေးသမားများနှင့် လက်တွေ့ကျင့်သုံးသူများ အတွက် အထူးသီးသန့် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်ပါသည်။

ဒီသင်တန်းကို မည်ကဲ့သို့ ပို့ချမည်နည်း။

 ဤသင်တန်းသည် ကျွမ်းကျင်သူများ၏ အင်တာဗျူးများနှင့် မှတ်တမ်းရုပ်ရှင်တိုများကဲ့သို့သော ရုပ်သံဆိုင်ရာ မှတ်တမ်းများကို အသုံးပြုပါသည်။ ၎င်းတွင် အချက်အလက်ဖော်ပြသည့်ဘောက်စ်များ (fact boxes)၊ ဆောင်းပါးတိုများ၊ ထပ်မံလေ့လာရန်ဖြစ်စဉ်များနှင့် ခွဲခြမ်းစိတ်ဖြာမှုများအတွက် အပိုဆောင်းအရင်းမြစ်များလည်း ပါဝင်ပါသည်။ မော်ဂျူးတစ်ခုစီ၏ အဆုံးတွင်၊ နောက်ထပ် မော်ဂျုး သို့ မကူးမီ သင်ယူထားသည်များကို ‘ပြန်လည်ဆန်းစစ်သုံးသပ်ရန် မေးခွန်းများ’ နှင့် လေ့ကျင့်ခန်းများမှတစ်ဆင့် လက်တွေ့အသုံးချရန် အခွင့်အရေးများလည်း ရရှိပါမည်။ ဤမော်ဂျူး များသည် မိမိကိုယ်တိုင် ဆင်ခြင်သုံးသပ်မှုအတွက် အစပြုရာနေရာအဖြစ် ဆောင်ရွက်နိုင်သလို အုပ်စုလိုက် ဆွေးနွေးမှုများ သို့မဟုတ် စာသင်ခန်း လှုပ်ရှားမှုများတွင်လည်း ပေါင်းစပ်ထည့်သွင်းနိုင်ပါသည်။

သင်တန်းတစ်ခုတွင် သင်တန်းမပြီးပါက၊ သင်ယခုအသုံးပြုနေသော ကွန်ပျူတာနှင့် ဘရောက်ဆာတစ်ခုတည်းမှ နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်နိုင်ပါသည်။

သင်တန်းကို ဤနေရာတွင် စတင်ပါ။